Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အင်ဒိုနီးရှားမှာ အဆိပ်ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေး သောက်မိတာကြောင့် ကလေး၂၀၀ကျော် သေဆုံးခဲ့တဲ့အမှုအတွက် တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချ

၂၀၂၄ ဩဂုတ်လ ၂၃ရက်

အင်ဒိုနီးရှားတရားရုံးက အဆိပ်ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေး အလွန်အကျွံသောက်သုံးမိတာကြောင့် ကျောက်ကပ်နာသေဆုံးသွားတဲ့ ကလေး၂၀၀ကျော်ရဲ့အမှုအတွက် ဒဏ်ငွေပြစ်ဒဏ်ချမှတ်လိုက်ကြောင်း CNAသတင်းမှာဖော်ပြထားပါတယ်။

အဆိပ်ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေး ကြောင့် သေဆုံးခဲ့တဲ့ကလေးတစ်ယောက် အတွက် သန်း၅၀စီပေးလျော်ရန်နဲ့ ရောဂါစွဲကာကျန်နေတဲ့ ကလေးတစ်ယောက်စီကို သန်း၆၀စီပေးလျော်ရမယ်လို့တရားရုံးကအမိန့်ချခဲ့တာဖြစ်ပါတယ်။

2022 ခုနှစ်ကုန်ပိုင်းမှာ မိသားစု ၂၀ ကျော်က အဆိုပြုခဲ့တဲ့ အထက်ပါ အမှုအတွက်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစုလိုက်အပြုံလိုက်သော ကုမ္ပဏီတွေကို တရားစွဲဆိုခဲ့ကြတာလို့CNAသတင်းဌာနမှာဖော်ပြထားပါတယ်။