Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ စက်တင်ဘာ(၁)ရက်မှစတင်လျှောက်ထားနိုင်

—————————————–

၂၀၂၄ခုနှစ်ဩဂုတ်(၂၃)ရက်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတွေကို စက်တင်ဘာလ(၁) ရက်နေ့ကနေ စတင်ပြီး လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တွေကို စက်တင်ဘာ(၁)ရက်မှ (၃၀)ရက်နေ့ အတွင်း လျှောက်ထားရမှာဖြစ်တယ်လို့ဆိုပါတယ်။

စနစ်ဟောင်း (နဝမတန်း) အောင်၊ စနစ်ဟောင်း(ဒသမတန်း) ကျရှုံး ၊ စနစ်သစ် (ဒွါဒသမတန်း) ကျရှုံး ထားသူတွေကို ပြင်ပဖြေဆိုခွင့် ပြုမှာဖြစ်ပြီး ဘာသာတွဲ(၃)ခုဖြစ်တဲ့ STEAMS-1 / STEAMS-2 / STAMSတို့အနက် ဘာသာတွဲ (၁)ခု ကို ရွေးချယ်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာပုံစံတွေနဲ့ ငွေသွင်းတံဆိပ်ခေါင်းတွေကို နေပြည်တော်နဲ့ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနတွေမှာ ဝယ်ယူနိုင်ပြီး သက်ဆိုင်ရာကျောင်းတွေနဲ့သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတို့ကို ပေးပို့တင်သွင်းကြရမှာဖြစ်တယ်လို့ သိရပါတယ်။