+++++++++++++++++++++++++++++++
၂၀၂၄ခုနှစ် ဩဂုတ်၂၁ရက်
အခုရက်ပိုင်းအတွင်းမှာ ကမ္ဘာ့ရွှေဈေးပြန်တက်လာပြီးမြန်မာ့ရွှေဈေးပါပြန်တက်လာတယ်လို့ သိရပါတယ်။
ဩဂုတ်လ (၂၀)ရက်မှာတော့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ၂၄၉၀ရှိပြီး
ဩဂုတ်လ(၂၁)ရက်မှာတော့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ၂၅၂၇ရှိလာတယ်လို့ဆိုပါတယ်။
မြန်မာ့ရွှေဈေးအနေနဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဈေးနှုန်းဟာ သြဂုတ်လ (၂၀)ရက်မှာ တော့အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း၄၈၇၆၄၁၆(ကျပ်လေးဆယ့် ရှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင့်လေးရာ တစ်ဆယ့်ရ ခြောက်ကျပ်)ရှိခဲ့ရာမှ
ဩဂုတ်လ(၂၁)ရက်မှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် ဈေးနှုန်းဟာ ၄၉၄၈၈၇၆(ကျပ် လေးဆယ့်
ကိုးသိန်း လေးသောင်း ရှစ်ထောင့် ရှစ်ရာခုနှစ်
ဆယ့်ခြောက်ကျပ်)အထိရှိလာတယ်လို့ဆိုပါတယ်။
ရွှေဆိုင်တွေ ရွှေလုပ်ငန်းရှင်တွေအားလုံး YGEA သတ်မှတ်စျေးဖြင့်သာအရောင်းအဝယ်ပြုလုပ်ကြဖို့
တိုက်တွန်းထားပြီး ပြင်ပရွှေဈေးကွက်မှာလည်း အခုရက်ပိုင်းထဲမှာရွှေဈေးတွေအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။