၂၀၂၄ ဩဂုတ်လ ၂၁ရက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Julie Bishop ဟာ တရုတ်နိုင်ငံမြို့တော် ဘေကျင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ရောက် နေပြီး မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ တွေ့ဆုံခဲ့တယ်လို့ဆင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထူးသံတမန် Julie Bishop ဟာ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုနဲ့ ထိုင်းနိုင်ငံကိုလည်း မကြာမီကသွားရောက်ခဲ့ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် မလေးရှားဝန်ကြီးချုပ်အပြင် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
မြန်မာကိစ္စ ဖြေရှင်းရာမှာ သဘောတူညီမှု ရရှိအောင် တရုတ်၊ အာဆီယံတို့ နဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန် Julie Bishop က ပြောခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံ မှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ်၊ တာရှည်ခံမယ့် ငြိမ်းချမ်းရေး ရအောင် ထောက်ခံ ကူညီမယ်လို့ ပြောခဲ့တယ် လို့ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။