——————————-
၂၀၂၄ခုနှစ် သြဂုတ်လ(၁၉)ရက်
အခုတပတ်မှာတော့ စားအုန်းဆီဈေးနှုန်းရာဂဏာန်းထပ်တက်လာပြီး စားအုန်းဆီရည်ညွှန်းဈေးဟာ တစ်ပိဿာကို(၆၁၇၀)ကျပ်အထိရှိလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က စားအုန်းဆီဈေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ တစ်ပိဿာကို(၅,၉၄၅)ကျပ်သာရှိခဲ့တာဖြစ်ပါတယ်။
အခုအပတ်မှာတော့ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်း ဖြစ်ပေါ်မှု တွေအရ သြဂုတ်လ(၁၉)ရက်မှ(၂၅)ရက်အထိ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်း အနေနဲ့ တစ်ပိဿာကို(၆၁၇၀)ကျပ်နဲ့ ရောင်းချရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထား ပါတယ်။
ဈေးကစားဖို့ ရည်ရွယ်ချက်ဖြင့် သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန် ထားတယ်။