၀၂၄ သြဂုတ်(၁၉)ရက်
စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံစိုက်ပျိုးတာကို နှစ်အလိုက်တိုးချဲ့ စိုက်ပျိုးသွားဖို့ရှိပြီး စုစုပေါင်းစိုက်ဧက၁.၈သန်းတိုးချဲ့စိုက်ပျိုးဖို့ရှိတယ်လို့ သိရပါတယ်။
နေကြာသီးနှံစိုက်ပျိုးတာကို ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မိုးနဲ့ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထား ဆောင်ရွက်လျက်ရှိပြီး၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနဲ့ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်သွားဖို့ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံက သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးဆီ လုံလောက်မှုမရှိတဲ့အတွက် နှစ်စဉ်ပြည်ပမှ စားအုန်းဆီတန်ချိန် သိန်းချီတင်သွင်းနေရတဲ့အတွက် ပြည်တွင်းစားသုံးဆီလုံလောက်ရေးအတွက် ဆီထွက်သီးနှံတွေပိုမို စိုက်ပျိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်စေဖို့ နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ တိုင်းနဲ့ ပြည်နယ်အလိုက် စိုက်ဧကတွေ လျာထားသတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားဖို့လည်း လမ်းညွှန်ထားတယ်လို့ သိရပါတယ်။