16 August 2024
တောင်ကျရေကျဆင်းမှုကြောင့်ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိတံတားအမှတ်(၃/၂၆)
ပြိုကျပျက်စီးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ့တံတားဟာ မိုင်းတုံ-တာဆန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၆/၁၄၇)ကြား၊ နမ့်တုန်ချောင်းသို့ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စီးဖြစ်ပြီး ဩဂုတ်လ(၁၅)ရက်မှာ တောင်ကျရေကြောင့်ပြိုကျပျက်စီးခဲ့ပါတယ်။
အဆိုပါပြိုကျပျက်စီးမှုကို မိုင်းတုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ယာယီသွားလာနိုင်ရေးအတွက် ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုင်းတုံ-တာဆန် လမ်းပေါ်ရှိတံတားအမှတ်(၅၊၂၃၅)အနီးရှိလမ်းပိုင်း ၁၀ပေခန့်ပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။