Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အဝေးသင်သင်တန်းများ ကျောင်းအပ်လက်ခံရက် စက်တင်ဘာလအထိထပ်တိုး

——————————-

၂၀၂၄ခုနှစ်သြဂုတ်လ(၁၆)ရက်

အဝေးသင်သင်တန်းများ‌ ကျောင်းအပ်လက်ခံရက်ကို ၂၀၂၄ခုနှစ်စက်တင်ဘာလ(၁၆)ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ ၂၀၂၄ ပညာ သင်နှစ်၊ အဝေးသင်သင်တန်းများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ခုနှစ်စက်တင် ဘာလ(၁၆)ရက်အထိ သက်ဆိုင်ရာတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေမှာ ဆောင်ရွက်ကြဖို့ ရက်တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အဆင့်မြင့်ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဝေးသင်သင်တန်းတွေ ကျောင်းအပ်နှံနိုင်တာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ကြေညာချက်မှာတော့ ပထမနှစ်သင်တန်းသားတွေအနေနဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်မှ ၂၀၂၄ခုနှစ်မတ်လ(၃၁) ရက်နောက်ဆုံးထားအပ်နှံဖို့နဲ့ ဒုတိယနှစ်နဲ့အထက် အဝေးသင် သင်တန်းတွေရဲ့ မှတ်ပုံတင်ခြင်းကို ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ(၅)ရက်မှ ၂၀၂၄ခုနှစ် မေလ(၁၇)ရက်အထိ လက်ခံဆောင်ရွက်ပေးဖို့ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ထုတ်ပြန်ပြီးနောက် အခုထပ်မံပြီး အဝေးသင်သင်တန်းများ‌ ကျောင်းအပ် လက်ခံရက်ကို ၂၀၂၄ခုနှစ်စက်တင်ဘာလ(၁၆)ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။