၂၀၂၄ ဩဂုတ်လ ၁၆ရက်
ထိုင်းနိုင်ငံရဲ့အာဏာရပါတီဖြစ်တဲ့ ညွန့်ပေါင်းပါတီဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပယ်ထုံတန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးချယ်ကြောင်း သြဂုတ် ၁၅ ရက်က ကြေ ညာလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ညွန့်ပေါင်းပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ပယ်ထုံတန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်လောင်းအနေနဲ့ ရွှေးချယ်လိုက်ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် ကို နိုင်ငံရေးကျင့်ဝတ်ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ထုတ်ပယ်လိုက်ပြီးနောက်မှာ ညွန့်ပေါင်းပါတီက ပယ်ထုံတန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုလိုက်တာလည်းဖြစ်ပါတယ်။