၂၀၂၄ ဩဂုတ်လ ၁၄ရက်
နေပြည်တော်ကတန်ပြန် အာဏာသိမ်းမှု ဖြစ်စဥ်ကောလာဟလ သာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းလိုက်ပြီဆိုတဲ့ ‘‘ကောလာဟလ’’ သတင်းတွေ သြဂုတ် ၁၃ရက်နေ့ ညမှာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် အခုလိုသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် ကောလာဟလသတင်းတွေကို အကောင့်တုတွေက ဝါဒဖြန့် ထုတ်လွှင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတော်အကြီးအကဲ နဲ့ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။