၂၀၂၄ ဩဂုတ်လ ၁၄ရက်
ကချင်ပြည်နယ်၊ပူတာအိုမြို့မှာစက်သုံးဆီတစ်လီတာသုံးသောင်းကျော်အထိပေါက်နေတယ်လို့ဒေသခံတွေက ဩဂုတ်လ ၁၄ရက်နေ့က Mercury Newsကိုပြောပါတယ်။
ပူတာအိုမြို့မှာပြီးခဲ့တဲ့ ရက်ပိုင်းကအထိ တစ်လီတာကိုနှစ်သောင်း ကျော်ဖြစ်ရာကနေယခုရက်ပိုင်းအတွင်းမှာ ဆီတစ်လီတာကို သုံးသောင်းကျော်အထိဖြစ်လာတယ်လို့ဆိုပါတယ်
မြစ်ကြီးနား-ပူတာအိုကားလမ်းပျက်ပြီးတဲ့နောက်မှာကုန်ကားဝင်ရောက်မှုမရှိတော့ တဲ့အတွက်ပူတာအိုမြို့မှာ ကုန်ပစ္စည်းတွေနဲ့စက်သုံးဆီကပိုပြီးပြတ်လတ်လာသလို စက်သုံးဆီဈေးနှုန်းတွေလည်းမြင့်တက်လာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ကုန်သည်အနည်းစုကသာလေကြောင်းလမ်းနဲ့စားသုံးကုန်တွေကိုသယ်ယူနေနိုင်ကြသလိုပြန်လည်ရောင်းချတဲ့အခါမှာတန်ဖိုးထက်ငါးဆလောက်မြင့်နေလို့ဒေသခံတွေအခက်ကြုံနေကြရပါတယ်။