Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြင်ဉီးလွင်အပါအဝင်မြို့ကြီးငါးမြို့ နေ့အပူချိန် စံချိန်သစ်တင်

၂၀၂၄ခုနှစ်သြဂုတ်လ(၁၂)ရက်

အခုရက်ပိုင်းအတွင်းမှာ ဒေသအချို့မှာ နေ့အပူချိန်တွေတိုးနေပြီး ဧရာဝတီတိုင်း၊ဖျာပုံမြို့နဲ့ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တို့မှာ နေ့အပူချိန်တွေ စံချိန်သစ်ထပ်တင်တယ်လို့ သိရပါတယ်။

ဖျာပုံမြို့မှာ သြဂုတ်လအတွက်အမြင့်ဆုံးအပူချိန် ၃၄ဒီဂရီဆဲလ်စီးယပ်သာ ရှိခဲ့ပြီး အခု ၂၀၂၄ခုနှစ်သြဂုတ်လ (၁၂)ရက်မှာတော့ အမြင့်ဆုံးအပူချိန် ၃၄.၅ဒီဂရီဆဲလ်စီးယပ်အထိရှိလာတဲ့ အတွက်(၂၃)နှစ်တာအတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်သွားတယ်လို့ဆိုပါတယ်။

ပြင်ဦးလွင်မြို့မှာ သြဂုတ်လအတွက်အမြင့်ဆုံးအပူချိန် ၃၁.၂ဒီဂရီဆဲလ်စီးယပ်သာ ရှိခဲ့ပြီး အခု ၂၀၂၄ခုနှစ်သြဂုတ်လ (၁၂)ရက်မှာတော့ အမြင့်ဆုံးအပူချိန် ၃၂.၁ဒီဂရီဆဲလ်စီးယပ်အထိရှိလာတဲ့ အတွက်(၃၂)နှစ်တာအတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၁၁)ရက်နေ့တုန်းကလည်း မန္တလေးမြို့မှာ (၇၇)နှစ်တာအတွင်း ၊ကျောက် ဆည် မြို့(လွန်ကျော်)မှာ နှစ်ပေါင်း(၅၁)နှစ်တာအတွင်းနဲ့လွိုင်လင်မြို့ မှာ နှစ်ပေါင်း(၅၈)နှစ်တာ အတွင်း သြဂုတ်လရဲ့အမြင့်ဆုံးအပူချိန်တွေအဖြစ် နေ့အပူချိန်တွေစံချိန်သစ်တွေတင်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကိုအပြည့်အဝ creditပေးပါသည်။