Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အလုပ်သမားတစ်ဦး၏အနည်းဆုံးလုပ်အားခတစ်ရက်ကို၆၈၀၀အထိပေးဖို့သတ်မှတ်

၂၀၂၄ ဩဂုတ်လ ၁၀ရက်

အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ အလုပ်ချိန် ၈ နာရီအတွက် နေ့စဉ်လုပ်ခအဖြစ် ၆,၈၀၀ ကျပ် ပေးဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဩဂုတ်လ(၉)ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။

နေ့စဉ်လုပ်ခအဖြစ် ၆,၈၀၀ ကျပ်ကိုသြဂုတ်လ ၁ ရက်နေ့မှာ စတင်ခံစားခွင့်ရှိမယ်လို့ ‌ကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေရှိ နေ့စားဝန်ထမ်းတွေနဲ့ နေ့စား အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခကို ၂၀၁၈မှာအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လုပ်ခ ၄၈၀၀ ကျပ် သတ်မှတ်ခဲ့ရာကနေ ၂၀၂၃ ခုနှစ် အောက်တို ဘာလမှာ အပိုထောက်ပံ့ကြေး အဖြစ်၁၀၀၀ ကျပ်ကိုလစဉ်ခံစားခွင့်ပြုခဲ့ပါတယ်။

အခုအခါ လက်ရှိထောက်ပံ့နေတဲ့ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်အပြင် ထပ်မံပြီး ၁၀၀၀ ကျပ်ကို အပိုထောက်ပံ့ ကြေးအဖြစ် ခံစားခွင့်ပြုတဲ့အတွက် နေ့စားအလုပ်သမားတွေအနေနဲ့ နေ့စဉ်လုပ်ခ ၆၈၀၀ ကျပ်ကို ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်နေ့လုပ်ခ ၆၈၀၀ ကျပ် သတ်မှတ်ချက်ဟာ အလုပ်သမား ၁၀ ယောက်အောက်ရှိတဲ့ လုပ်ငန်းငယ်တွေ မိသားစု တစ်ပိုင် တစ်နိုင်လုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူးလို့လည်း ကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။