Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှားပိုင် Kurskဒေသကို ယူကရိန်းကဆက်ပြီးတိုက်ဆိုက်နေဆဲဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်

၂၀၂၄ ဩဂုတ်လ ၉ရက်

ရုရှားပိုင်Kurskဒေသကို ယူကရိန်းစစ်တပ်က ၃ရက်ကြာသည်အထိဆက်လက်တိုက်ခိုက်မှုများရှိနေဆဲလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်၈ရက်နေ့မှာတရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ သူတို့ပိုင်တဲ့Sumyဒေသမှတဆင့်ရုရှားကိုဝင်ရောက်တိုက်ခိုက်လာတာဖြစ်ပြီးယခုဝင်ရောက်တိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းပထမဆုံးအကြိမ်Kurskဒေသအထိရောက်ရှိလာခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Kurskဒေသကိုဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးယူကရိန်းဘက်ကထုတ်ပြန်လာတာမျိုးတော့မရှိသေးပါဘူး။

Ukrainian servicemen check their T-72 tank at a position in the Donetsk region on June 25, 2023, amid the Russian invasion of Ukraine. (Photo by Genya SAVILOV / AFP)