Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပို့ကုန်ရငွေ ၃၅ရာခိုင်နှုန်း အစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ထုတ်ပြန်

၂၀၂၄ ဩဂုတ်လ ၈ရက်

ဩဂုတ်လ ၈ရက်ကစတင်ပြီးပို့ကုန်လုပ်ငန်းရှင်‌တွေအနေနဲ့ ပို့ကုန်ရငွေပမာဏ ( ၃၅)ရာခိုင်နှုန်း အစား(၂၅)ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်းမြန်မာကျပ်‌ငွေနဲ့လဲလှယ်ဖို့ဖြေလျော့သတ်မှတ်လိုက်တယ်လို့ ဗဟိုဘဏ်က သြဂုတ်လ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က အမိန့်ကြော်ငြာစာအရ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့ရာမှရရှိတဲ့ပို့ကုန်ရငွေပမာဏရဲ့ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေနဲ့လဲလှယ်နေရတာဖြစ်ပါတယ်။

ဗဟိုဘဏ်က သြဂုတ်လ ၇ ရက်မှာ ထုတ်ပြန်ချက်မှာတော့ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်တင်ပို့ခြင်းကနေရရှိလာတဲ့ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်း အစား ၂၅ ရာခိုင်နှုန်းကိုပဲမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက် အတိုင်း မြန်မာကျပ်ငွေနဲ့လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အမိန့်ကြော်ငြာစာကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#ဗဟိုဘဏ်