Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားဖြတ်အစိုးရကို နိုဘယ်ဆုရှင်Muhammed Yunus ကဉီးဆောင်သွားမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားဖြတ်အစိုးရကို နိုဘယ်ဆုရှင်Muhammed Yunus ကဉီးဆောင်သွားမယ်လို့သမ္မတပြောရေးဆိုခွင့်ရှိသူကဗုဒ္ဓဟူးနေ့ အစောပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခုလိုဆုံးဖြတ်ချက်ကိုစစ်ဘက်ဆိုင်ရာအကြီးအကဲတွေ၊ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေ၊အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်တွေ စုပေါင်းပြုလုပ်ခဲ့တဲ့အရေးပေါ်အစည်းအဝေးမှာစုပေါင်းဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၆ နိုဘယ်ဆုရှင်ဟောင်း Muhammed Yunus ဟာလက်ရှိမှာ ပြင်သစ်နိုင်ငံ ၊ပါရီမြို့မှာရောက်ရှိနေတာဖြစ်ပြီးမကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လာနိုင်ဖွယ် ရှိတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းသားများဦးဆောင်တဲ့ ဆန္ဒပြမှုကြီးကို အကြမ်းနည်းဖြိုခွင်းပြီးနောက် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ရာထူးမှနုတ်ထွက်ကာ နိုင်ငံမှ ထွက်ပြေးသွားပြီး နောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်မူဟာမက်ယူနက်စ်ကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ်တင်မြှောက်ဖြစ်ပါတယ်။