Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကလေးငယ်(၅)သောင်းကျော်ကို ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးမည်

၂၀၂၄ သြဂုတ်လ(၇)ရက်

မြန်မာနိုင်ငံမှာအသက်တစ်နှစ်မှငါးနှစ်အတွင်းကလေးငယ်တစ်သိန်းနှစ်သောင်းကျော်ကို ‘အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအစီအစဉ်’နဲ့ကာကွယ်ဆေးတွေ တိုက်ကျွေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ကျန်ရှိနေတဲ့ကလေးငယ်(၅)သောင်းကျော်ကိုကာကွယ်ဆေးတွေဆက်လက်ပြီးတော့ထိုးနှံ ပေးသွားဖို့ရှိတယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

‘အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း အစီအစဉ်’နဲ့ရန်ကုန်နဲ့မန္တလေးတိုင်းတို့မှာဧပြီလမှာတစ်ကြိမ်၊ဇွန်လမှာတစ်ကြိမ်၊သြဂုတ်လမှာတစ်ကြိမ်စုစု‌ပေါင်းသုံးကြိမ်တိုက်ကျွေးခဲ့ပြီးကျန်ရှိနေတဲ့ပြည်နယ်နဲ့တိုင်းအသီးသီးမှ ကလေးငယ်တွေကို ဆက်လက်တိုက်ကျွေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတစ်နှစ်ကနေငါးနှစ်အတွင်းကလေးငယ်စုစုပေါင်း(၁၈၅၃၀၆)ဦးရှိပြီး ကလေးငယ်(၁၂၇၃၁၄)ဦးကိုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့ပြီးကျန်ရှိနေတဲ့ ကလေးငယ်(၅၇၉၉၂)ဦးဆက်လက်တိုက်ကျွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။