Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စက်သုံးဆီတစ်ရက်ကိုဂါလန်ပေါင်း(၃)သန်းခန့် ပိုမိုဖြန့်ဖြူးပေးနေ

ဩဂုတ်လ(၆)

စက်သုံးဆီတွေကို Urgent အစီအစဉ်၊ Special အစီအစဉ်တို့နဲ့ တစ်ရက်ကို ဓာတ်ဆီနဲ့ ဒီဇယ်ဆီ စုစုပေါင်း ဂါလန် ၃ သန်းခန့် ပိုမိုဖြန့်ဖြူးပေးလျက်ရှိတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကသတင်းထုတ်ပြန်ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုမရှိစေဖို့အတွက် နေပြည်တော်မှာဆိုင် ၉၈ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၉၆ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှာ ၆၉၂ ဆိုင်အပါအဝင် နိုင်ငံတစ်ဝန်းရှိဆိုင် ၃၀၀၀ ကျော်မှာ နေ့စဉ်ပုံမှန် ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ဆိုပါတယ်။

စက်သုံးဆီ‌တွေကိုနေ့စဉ်ပုံမှန်ဖြန့်ဖြူးတာအပြင် အရေးပေါ်အစီအစဉ်၊ အထူးအစီအစဉ်တို့နဲ့လည်း ထပ်မံပြီး တစ်ရက်ကို ဓာတ်ဆီနဲ့ ဒီဇယ်ဆီ စုစုပေါင်း ဂါလန်သုံးသန်းခန့်ကို ဖြန့်ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီ ဖူလုံမှုရှိ‌စေဖို့နဲ့ ပြတ်လပ်မှုမရှိ‌စေဖို့အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်း‌တွေမှာ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင် ဖြန့်ဖြူးပေးလျက်ရှိတယ်လို့သိရပါတယ်။

#mercury #mercurymedia #ပြည်တွင်းသတင်း #စက်သုံးဆီ

0