Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲခူးတိုင်းတွင်တရားမဝင်ကျွန်းနှင့်သစ်မာများဖမ်းဆီးရမိ

သြဂုတ်-၅ရက်

ပဲခူးတိုင်းတွင် တရားမဝင်ကျွန်းနှင့်သစ်မာများဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်-၅ရက်နေ့သတင်းထုတ်ပြန်ချက်အရသိရသည်။

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၅ ဒသမ ၇၅၆ တန်နှင့် သစ်မာ သုည ဒသမ ၁၉၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၃၄၈၀၀) ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အလားတူ သြဂုတ် ၂ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၇၁၂ တန်၊ အခြားသစ် ၂ ဒသမ ၈၄၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၂၁၁၃၆၅၃ ကျပ်)ဖိုးဖမ်းဆီးရမိခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ် (၁)ရက်နေ့နှင့်(၂) ရက်နေ့အတွင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၉၂၄၈၄၅၃ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#mercury #mercurymedia #သစ်တော #ကျွန်းသစ် #ပြည်တွင်းသတင်း