ဩဂုတ် ၃ရက်
ကချင်ပြည်နယ်အတွင်းမှာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် ရန်ကုန်-မြစ်ကြီးနား ယာဉ်လိုင်းအများစုကိုရပ်နားထားရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်၃၁ရက်နေ့အထိရန်ကုန်-မြစ်ကြီးနား ယာဉ်လိုင်းများကိုပုံမှန်အတိုင်းပြေးဆွဲခဲ့ပေမဲ့ဆက်သွယ်ရေးအခက်အခဲများစွာကြောင့်ဩဂုတ်လ၁ရက်နေ့မှာစတင်ရပ်နားလိုက်ရတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်နေသည်မှာ ၁၁ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
*မူရင်းဓါတ်ပုံပိုင်ရှင်အားအပြည့်အဝ Credit ပေးပါသည်။
mercury #mercurymedia #Localnews # မြစ်ကြီးနား # ရန်ကုန် # မြစ်ဖျားဧရာအဝေးပြေးကားဂိတ်