ဩဂုတ်လ(၁)ရက်
ဩဂုတ်လအတွက် ရောင်းချရမည့် ရည်ညွှန်းဆန်ဈေးနှုန်းများသတ်မှတ်လိုက်ပြီဖြစ်ပြီး ဧည့်မထဆန်တစ်အိတ်ကိုကျပ်(၆၈၀၀၀)နှင့်(၁)ကီလိုဂရမ်ကို(၂၆၅၀)ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်းစားသုံးသူရေးရာဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ယခုလတွင် ဧည့်မထဆန်တစ်အိတ်ကို ဆန် အရည်အသွေးအပေါ်မူတည်ပြီး ကျပ်(၆၈၀၀၀)မှ (၈၀၀၀၀)အတွင်း ရောင်းချရန်နှင့်(၁)ကီလိုဂရမ်ကို (၂၆၅၀)ကျပ်ဖြင့်ရောင်းချပေးရန်သတ်မှတ်ထား သည်။
ပြီးခဲ့သည့် ဇူလိုင်လက ဧည့်မထဆန်တစ်အိတ်ကို ဆန် အရည်အသွေးအပေါ်မူတည်ပြီးကျပ် (၆၉၀၀၀) မှ (၈၈၀၀၀)အတွင်း ရောင်းချရန် သတ်မှတ်ခဲ့သည့်အတွက် ယခုလ၌ ဧည့်မထဆန် ဈေးနှုန်းထောင်ဂဏာန်းကျဆင်းခဲ့သည်။
ဧရာမင်း၊ အညာသား၊ ပခန်းဆန် ၊ မှော်ဘီ-၂ ၊ မှော်ဘီ-၃၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး (ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ရှိတဲ့ စားသုံးမှု အရည်အသွေးကောင်းမွန်သော ပြည်တွင်းစားသုံးဆန်များ) အတွက် ၁၀မှတ်-၅ မှတ်ဆန်တစ်အိတ်ကို ကျပ် ၉၈,၀၀၀ သတ်မှတ်ကာ ဇူလိုင်လထက် ကျပ် ၂၀၀၀ လျှော့ချသတ်မှတ်ခဲ့ကြောင်းသိရသည်။
#mercury #mercurymedia #Localnews #ပြည်တွင်းသတင်း #ဆန်ဈေး