ဩဂုတ် ၁
ရန်ကုန်တိုင်း၊ထောက်ကြံ့မြို့နယ်တွင် YBS ၃၅ နှင့်သမီးတော်အထည်ချုပ်စက်ရုံဖယ်ရီကားတိုက်မှုဖြစ်ပွားရာ ခရီးသည် နှင့်ဝန်ထမ်း အပါအဝင် ၃၁ ဦးထိခိုက်ဒဏ်ရာခဲ့သည့်အနက်ဖယ်ရီ ယာဉ်မောင်း တစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ ဇူလိုင် ၃၁ ရက် ည ၇ နာရီ၌ ထောက်ကြံ့မြို့နယ် နွယ်ခွေလမ်းမကြီးပေါ်ရှိ သဘာဝဓာတ်ငွေ့ CNGအရောင်းဆိုင်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် အထည်ချုပ်စက်ရုံ ဖယ်ရီကားပေါ်တွင်တွင်လိုက်ပါစီးနင်လာသူ အမျိုးသားနှင့်အမျိုးသမီး ပေါင်း ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး YBS ၃၅ ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရကြောင်းသိရသည်။ ထို့ပြင် သမီးတော်အထည်ချုပ်ဖယ်ရီကားယာဉ်မောင်းသည် ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းပြင်ထိခိုက်ဒဏ်ရာရ၍ ကုသမှုခံယူရသောအထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၁၂ ဦး ဆေးရုံဆင်းချိန်တွင် ည ၁၂ နာရီအချိန်ဖြစ်၍ နေရပ်ဒေသညောင်နှစ်ပင် သို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ကူညီပေးလျက်ရှိကြောင်းသိရသည်။
#mercury #mercurymedia #မတော်တဆမှု #ပြည်တွင်းသတင်း#YBS