သြဂုတ်(၁)ရက်
ဘီးလင်းမြစ်ရေစိုးရိမ်ရေမှတ်ရောက်ရှိလာနိုင်သောကြောင့် ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်း အနီးနေထိုင်သူများသတိပြုရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကယနေ့ထုတ်ပြန်လိုက်သည်။
ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့၏စိုးရိမ်ရေမှတ်၃၃.၅၃ပေ(၁၀၂၂စင်တီမီတာ)အောက်ပေဝက်ခန့်(၂၀စင်တီမီတာ)တွင်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေထိုင်သူများအ ထူးသတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသတိပေးချက်ထုတ်ပြန်ထားသည်။
mercury #mercurymedia #Localnews #မိုးဇလ #ရေဘေ;