ဇူလိုင်လ(၃၁)
မြို့ကြီးကိုးမြို့၏မြစ်ရေသည်စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဇူလိုင်လ(၃၁)ရက်နေ့ကသတင်းထုတ်ပြန်လိုက်သည်။
ပဲခူးတိုင်းဒေသကြီးတွင်ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်၊ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏စိုးရိမ်ရေမှတ်အထက်၊သံလွင်မြစ်ရေသည် သံလွင်မြစ်၏စိုးရိမ်ရေမှတ်အထက်များတွင်ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းသိရသည်။
ဧရာ၀တီတိုင်းဒေသကြီးတွင်တိုးမြစ်ရေသည် မအူပင်မြို့၏စိုးရိမ်ရေမှတ်အထက်(၂)လက်မခန့်ကျော်လွန်နေပြီးနောက်တစ်ရက်အတွင်းပေဝက်ခန့်မြင့်တက်နိုင်ကြောင်း၊ငဝန်မြစ်ရေသည် ပုသိမ်မြို့၊သာပေါင်းမြို့၊ငါးသိုင်းချောင်းမြို့တို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကရင်ပြည်နယ်တွင်သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ်ငါးပေကျော်လွန်နေပြီးနောက်တစ်ရက်တွင်တစ်ပေခန့်ကျဆင်းနိုင်သော်လည်းစိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း၊သောင်ရင်းမြစ်ရေသည်မြ၀တီမြို့၏စိုးရိမ်ရေမှတ်အထက်(၁)လက်မခန့်ကျော်လွန်နေပြီးနောက်တစ်ရက်တွင် နှစ်ပေခန့်မြင့်တက်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါနေရာများသည်လက်ရှိအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေကြီးမှုများကြောင့် ဒေသခံများရေဘေးနှင့်နှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို credit ပေးပါသည်။
Mercury #Mercury Media #ရေဘေး#ပြည်တွင်းသတင်း