ဇူလိုင် ၃၀
စားအုန်းဆီများကို အိမ်တိုင်ရာရောက် တိုက်ရိုက်ရောင်းချသည့် Door to Doorစနစ်ဖြင့် ဇူလိုင် လ(၃၁)ရက်မှစတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါစားအုန်းဆီများကို အပတ်စဉ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးမည်ဖြစ်ပြီး ဘူးခွံဖိုးနှင့် ဘူးသွတ်ခသာထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည် ဟုဆိုသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများထဲမှ အရောင်းဆိုင်များသို့သွားရောက်ရန်အခက်အခဲရှိသော အိမ်ထောင်စုဝင်များအနေဖြင့် အိမ်ထောင်စု တစ်စုကို နှစ်ပိဿနှုန်း တစ်လလျှင်တစ်ကြိမ် ဖြန့်ဖြူးရောင်းချပေးရန်စီစဉ်ထားပြီး Call Center ဖုန်း ၀၁-၂၃၉၉၂၂(လိုင်းခွဲ၇)သို့ ဆက်သွယ်မှာယူနိုင်ကြောင်းဖော်ပြထားသည်။
တနင်္လာနေ့မှစနေအထိ မနက်(၉)နာရီမှ နေ့လည်(၃:၃၀)နာရီအထိ ရောင်းချပေးမည်ဖြစ်ပြီး တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များပိတ်မည်ဖြစ်သည်။စားအုန်းဆီများဝယ်ယူရာတွင် ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ခDeliveryခကို ဝယ်ယူသူမှ ပေးချေရမည် ဖြစ်ကြောင်း သိရသည်။
#mercury #mercurymedia #စားအုန်းဆီ #ပြည်တွင်းသတင်း