ပဲခူးမြို့နယ် အတွင်း ပဲခူးမြစ်ရေကြီးမှုကြောင့်ရေဘေးရှောင်စခန်း(၂၇)ခုတွင်လူဉီးရေ ၂၅၀၀၀ကျော်ရောက်ရှိနေကြောင်းသိရသည်။
ပဲခူးမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း(၂၇)ခုနှင့် စာသင်ကျောင်းများ၊ နီးစပ်ရာဆွေမျိုးသားချင်း တို့၏နေအိမ်များတွင်ရေ ဘေးရှောင်ပြည်သူလာရောက်နေထိုင်မှုမှာ အိမ်ထောင်စု(၆၂၅၄)စု၊ လူဦးရေ(၂၅၀၄၃)ဦးရှိနေပြီဖြစ်ကြောင်း ဇူလိုင်လ(၂၈)ရက်နေ့ ညနေပိုင်းကသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပဲခူးမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပဲခူးမြစ်ရေမြင့်တက်လာပြီးစိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့ခြင်းကြောင့်ရပ်ကွက်/ကျေးရွာအချို့တွင်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။ပဲခူးမြစ်ရေသည်ပဲခူးမြို့တွင်စိုးရိမ်ရေမှတ်အထက်လေးပေခန့်ကျော်လွန်နေပြီးနောက်(၁)ရက်အတွင်းပေဝက်ခန့်မြင့်တက်နိုင်ပြီးစိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဖော်ပြချက်အရ သိရသည်။
#mercury #mercury media #ရေဘေး #ပြည်တွင်းသတင်း