Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေးသင့်ပြည်သူများကို ရုပ်ရှင်အစည်းအရုံးကလှူဒါန်းမှုများပြုလုပ်သွားမည်

ဇူလိူင်၂၉

ရေကြီးမှုဖြစ်ပေါ်နေသောဒေသကရေဘေးသင့်ပြည်သူများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ(၂၉)ရက်နေ့ကသိရသည်။ မြန်မာနိုင်ငံတွင်လက်ရှိရေကြီးမှုဖြစ်ပေါ်နေသောပဲခူးတိုင်းဒေသကြီဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်များတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိနေရကြောင်းသိရသည်။

    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်ရေဘေးဖြစ်ပေါ်ခဲ့သောကချင်ပြည် နယ် မြစ်ကြီးနား အတွက် (၁၂)သိန်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးရှိမြို့နယ်(၁၀)မြို့နယ်အတွက်သိန်း(၅၀)လှူဒါန်းမှုများပြုလုပ်ခဲ့သည်။”ကျွန်တော်တို့ ရုပ်ရှင်‌ လောကသားတွေနဲ့အလှူရှင်တွေ ရဲ့ လှူဒါန်းမှုနဲ့ အဲဒီလိုလှူဒါန်းပြီးနောက် စစ်ကိုင်းနဲ့ မြစ်ကြီးနားကိုလှူဒါန်းမှုတွေပြုလုပ်ပြီးတဲ့နောက်အလှူငွေတွေတစ်ဝက်လောက် ကျန်ရှိနေသေးတဲ့အတွက် ကျန်ရေဘေးသင့် ဒေသတွေက ပြည်သူတွေကို ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ပဲခူးဒေသအခြေအနေ ဆိုးနေတယ်လို့ကြားပါတယ်။ဘားအံ၊ကရင်၊မွန်၊ဧရာဝတီတိုင်းတွေမှာလည်း ရေဘေးသင့်ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့ကြားပါတယ်။ရန်ကုန်မှာလည်းကြီးပါတယ်။အဲဒီ့ဒေသတွေအတွက် အလှူငွေတွေဆက်လက်ပေးအပ်သွားဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးချမ်းသာကြည်စိုးက ပြောပြသည်။  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ရေဘေး သင့်ပြည်သူများကိုဆက်လက်လှူဒါန်းမည်ဖြစ်၍ ရုပ်ရှင်လောကသားများ၊အလှူရှင်များဆက်လက် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။‌

#mercury #mercurymedia #ရုပ်ရှင်အစည်းအရုံး#ရေဘေး#ပြည်တွင်းသတင်း