Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှားဘက်ကသာသဘောရိုးနဲ့တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာလျှင်လက်ခံဖို့အသင့်ရှိ ဟု ယူကရိန်းနိုင်ငံခြားရေး၀န်ကြီးပြော

ဇူလိုင်၂၇

ယူကရိန်းနိုင်ငံအနေနဲ့ရုရှားဘက်ကသာသဘောရိုးဖြင့်တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာပါကလက်ခံဖို့အသင့်ရှိနေတယ်လို့ယူကရိန်းနိုင်ငံခြားရေး၀န်ကြီးဒီမီထရိုကူလီဘာကပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခရီးစဉ်မှာယူကရိန်းနိုင်ငံခြားရေး၀န်ကြီးက “ယူကရိန်းအနေနဲ့မိမိတို့ရဲ့သဘောထားအတိုင်းမပြောင်းလဲဘဲဆက်ရှိနေသေးကြောင်း၊ရုရှားဘက်သာသဘောရိုးနဲ့တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာပါကလက်ခံသွားမှာဖြစ်ကြောင်း၊လက်ရှိအနေအထားမှာရုရှားဘက်ကအဲ့လိုသဘောထားနဲ့ဆွေးနွေးဖို့မရှိသေးကြောင်း” ပြောကြားသွားခဲ့ပါတယ်။

ယူကရိန်းနဲ့ရုရှားအခြေအနေဟာလက်ရှိအနေအထားအထိတော့ထူးထူးခြားခြားပြောင်းလဲလာမှုမရှိလာသေးတာဘဲဖြစ်ပါတယ်။

#Mercury #ရုရှား #ယူကရိန်း #Mercury Media #