Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင်မော်တော်ယာဉ် မတော်တဆဖြစ် ပွားပြီးအမျိုးသားနှစ်‌ဦးသေဆုံး

ဇူလိုင် ၂၆

ရန်ကုန် – နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်၁၇၀/ ၀ မိုင်အနီးတွင် အမျိုးသားသုံးဦးပါဝင်သည့် မော်တော်ယာဉ်တစ်စီး ယနေ့မနက်ပိုင်းတွင် မတော်တဆဖြစ်ရာ တစ်ဦးဒဏ်ရာရပြီး နှစ်ဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါအမျိုးသား သုံးဦးစီးနင်းလာသည့် Hondafit အမျိုးအစား ( အနက်ရောင်) ကားသည် အမြန်လမ်းပေါ်ရှိ လမ်းလယ်ကျွန်း (Guard rail) တန်းကိုတိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသိရသည်။

ထို့ပြင်ထိခိုက်ဒဏ်ရာရသူ အမျိုးသား တစ်ဦး နှင့် သေဆုံးသူ အမျိုးသားနှစ်ဦးတို့ကို  ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယင်းပြင် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးကြောင်းသိရသည်။

#mercury #မြန်မာ့သတင်း #မတော်တဆမူ #ပြည်တွင်းသတင်း

#Mercury Media