ဇူလိုင်၂၃
ကချင်ပြည်နယ်အတွင်းရှိမြို့နယ်များအားလုံးနီးပါးတွင်ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေသည်မှာ၃ရက်ခန့်ကြာမြင့်လာပြီဖြစ်ပြီးဒေသခံပြည်သူတွေမှာဆက်သွယ်ရေးနှင့်ငွေသွင်းငွေထုတ်အတွက်အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရှိရပါတယ်။ဇူလိုင်လ၂၁ရက်နေ့၊နံနက်ပိုင်းမှစတင်ကာအော်ပရေတာအားလုံးရဲ့ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတွေပြတ်တောက်သွားခဲ့တာဖြစ်ပြီးယနေ့ဇူလိုင်လ၂၃ရက်နေ့ထိပြန်လည်ရရှိခြင်းမရှိသေးကြောင်းသိရပါတယ်။ဒေသခံပြည်သူတွေကတော့ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတွေအမြန်ဆုံးပြန်လည်ရရှိလာဖို့မျှော်လင့်နေကြပြီးယခုလိုအခြေအနေကြောင့်အွန်လိုင်းအခြေပြုလုပ်ကိုင်နေကြတဲ့လုပ်ငန်းအားလုံးရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဟာ၂၀၂၄ခုနှစ်အစပိုင်းကနေစတင်ပြီးဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတွေမကြာခနဆိုသလိုပြတ်တောက်နေခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်။