Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နာမည်‌ကျော်‌တေးသံရှင်စိုင်းဆိုင်မော်ဝ်ကွယ်လွန်

နာမည်ကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ကွယ်လွန်

ဇူလိုင် ၁၇ ရက်

နာမည်ကျော်တေးသံရှင် အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ယနေ့ ဇူလိုင် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်းကြားသိရပါတယ်။အဆိုတော်စိုင်းဆိုင်မောဝ် လောကကြီးကို မျက်လုံးမှိတ်ပြီးထွက်ခွာသွားပြီလို့ သူ့ရဲ့ဆွေမျိုးတစ်ဥဦးကလူမှုကွန်ရက်မှာအသိပေးထားတာဖြစ်ပါတယ်။အဆိုတော် စိုင်းဆိုင်မောဝ်ဟာ အင်းစိန်မြို့နယ်ရှိ ကောင်းအထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေရင်းကွယ်လွန်သွားခြင်းဖြစ်ပြီးကွယ်လွန်ချိန်တွင်အသက်(၇၆)အရွယ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။စိုင်းဆိုင်မောဝ်ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အဘစိုင်းဘခိုင် နှင့် အမိဒေါ်အေးစိန်တို့က မူဆယ်မြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးရှိတယ်လို့ဆိုပါတယ်။စတူဒီယိုခေတ်မှ Live Show ခေတ်ထိ နိုင်ငံကျော်ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်၏ တေးသီချင်းများသစ်လွင်ဆဲဖြစ်ပြီး ရှမ်းစီးရီးအခွေပေါင်း ၄၀ ကျော်၊ ဗမာသီချင်းခွေပေါင်း ၃၀ ကျော်အပါအဝင် တေးရေးရှမ်းသီချင်း ပုဒ်ရေ ၂၀၀ ကျော် နှင့် ဗမာသီချင်း ပုဒ်ရေ ၁၀၀ ရှိကြောင်းသိရပါတယ်။ ပရိတ်သတ်များချစ်ခင်လေးစားရတဲ့အဆိုတော်စိုင်းဆိုင်မောဝ်တစ်ယောက် သူချစ်တဲ့အနုပညာ၊ တေးသီချင်းများစွာကို ချန်ထားရစ်ခဲ့ပြီးကွယ်လွန်သွားခဲ့ကြောင်းကြားသိရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ချယ်ရီတွေတကယ်ငိုနေရပါပြီ။

#celebritynews #MercuryMedia #စိုင်းဆိုင်မောဝ်