ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ဟာ ပထမအကျော့ အရှုံးရလဒ်တွေကို ချေဖျက်ပြီး နှစ်ကျော့ပေါင်းရလဒ်တွေနဲ့အတူ ပြိုင်ဘက်တွေကို အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ဒီနှစ်သင်းထဲကတစ်သင်းဟာ ဖိုင်နယ်တက်ဖို့ သေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။
ဒေါ့မွန်ဟာ ပထမအကျော့တုန်းက နှစ်ဂိုး တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အက်သလက်တီကို,ကို အိမ်ကွင်းမှာ ကစားရတဲ့ ဒုတိယအကျော့မှာ လေးဂိုး နှစ်ဂိုးနဲ့ ပြန်လည်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး လေးဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။
ပထမအကျော့တုန်းက ဘာစီလိုနာကို ကိုယ့်အိမ်ကွင်းမှာ သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပီအက်စ်ဂျီကတော့ အခုကစားရတဲ့ ဒုတိယအကျော့မှာ ဘာစီလိုနာရဲ့အိမ်ကွင်းထဲ လေးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး လေးဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။