Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဒီနေ့(ဧပြီလ ၁၇ ရက်)၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အနေနဲ့ လည်းကာင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူမှုရေးအရ ငဲ့ညှာထောက်ထားတဲ့အနေနဲ့ လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၃,၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခု ကျခံဖို့ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစကရဲ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်မှာ ဖော်ပြထားပါတယ်။