သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနှစ် တပ်မတော်နေ့ကို ညနေပိုင်း ညပိုင်းမှာ ကျင်းပရတာက အယ်လ်နီညို ကျရောက်နေတဲ့နှစ်ဖြစ်လို့ ရာသီဥတုအခြေအနေအရ ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပရတာဖြစ်တယ်လို့ ပြောပြပါတယ်။
၁၉၅၄ ခုနှစ် ၉ နှစ်မြောက် တပ်မတော်နေ့ကနေ ၁၉၆၇ ခုနှစ် ၂၂ နှစ်မြောက် တပ်မတော်နေ့အထိ ၁၄ ကြိမ်တိုင်တိုင်တိုင် ညနေပိုင်း ညပိုင်းမှာ ကျင်းပတာတွေရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးထားပါတယ်။
ဒီနှစ် တပ်မတော်နေ့အခမ်းအနားမှာ ထူးခြားမှုအနေနဲ့ စစ်ရေးပြအခမ်းအနားကျင်းပချိန်မှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ညဘက် စွမ်းရည်ပြ အလေးပြုပျံသန်းမှုကို ထူးထူးခြားခြား မြင်တွေ့ရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြသွားခဲ့ပါတယ်။