မြန်မာနိုင်ငံကနေ တရားမဝင် ကျွဲအကောင်ရေ ၃၀ နဲ့ စိတ်ကြွဆေးပြား ၆၇ ပြား သယ်ဆောင်လာတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားကို ထိုင်းအာဏာပိုင်တွေက မတ်လ ၂၃ ရက်နေ့မှာ ဖမ်းဆီလိုက်တယ်လို့ သိရှိရပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်၊ မဲခေါင်ခရိုင်၊ Huai Inuan မှာရှိတဲ့ သံလွင်မြစ်ထဲက သင်္ဘောတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးလိုက်အပြီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီ မြန်မာနိုင်ငံသားနဲ့အတူ ပါလာသည့် အမျိုးသားနှစ်ယောက်ကတော့ မြစ်ထဲကို ခုန်ချထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားကို အကောက်ခွန် ကင်းရှင်းကြောင်း အထောက်အထားမရှိဘဲ မြန်မာနိုင်ငံကနေ ကျွဲတွေ မှောင်ခိုတင်သွင်းမှု၊ တိရစ္ဆာန် ကူးစက်ရောဂါဥပဒေ ချိုးဖောက်မှု၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါး ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုလိုက်ပြီး ကျွဲတွေကိုတော့ မယ်ဟောင်ဆောင် တိ/ကုဌာနမှာ ရောဂါစစ်ဆေးဖို့အတွက် သီးသန့်ခွဲထားလိုက်ပြီလို့ သိရှိရပါတယ်။