မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားမှာရှိတဲ့ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံလိုက်ရပြီး ငွေကျပ် သိန်း (၂,၀၈၀) လောက် ပါသွားတယ်လို့ သိရှိရပါတယ်။
ဒီနေ့ မတ်လ (၂၅)ရက်၊ မနက် (၁၁)နာရီ မိနစ်(၂၀)အချိန်လောက်က မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ဆီကို CZI ဆိုင်ကယ် အမျိုးအစား နံပါတ်ပါတစ်စီး၊ နံပါတ်မပါ တစ်စီး၊ စုစုပေါင်း နှစ်စီးနဲ့ အမည်မသိ အမျိုးသား (၃) ယောက် ရောက်ရှိလာကာ ဓားပြတိုက်သွားခဲ့တာလို့ လတ်တလောမှာ သတင်းကြားသိရပါတယ်။
အဲ့ဒီ အမျိုးသား သုံးယောက်ဟာ ေ..–သနတ်အတို (၁)လက်၊ ပုဆိန် (၁)လက်နဲ့ ဘဏ်ထဲကို ဝင်ရောက်လာပြီး ဓားပြတိုက်ခဲ့ကာ အဲ့ဒီ ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ်သိန်း (၂,၀၈၀) အား ဆာလာအိတ်နဲ့ထည့်ပြီး ဓားပြတိုက် ယူဆောင်သွားတာဖြစ်တယ်လို့ သိရှိရပါတယ်။