Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လူ ၅၀ လောက်ပါတဲ့ လူအုပ်စုကြီးက မှုခင်းသတင်းထောက်ရုံးထဲကို ဝင်ပြီး ဓားနဲ့ခုတ်လို့ သတင်းထောက် ၄ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ နေပြည်တော် မှုခင်းသတင်းထောက်ရုံးထဲကို အမည်မသိ လူတစ်စုက ဝင်ရောက်ပြီး ဓါးနဲ့ခုတ်ခဲ့တာကြောင့် ညအိပ်တာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက် ၄ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို ရဲတပ်ဖွဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လူအယောက် ၅၀ ဝန်းကျင်ပါဝင်တဲ့ လူအုပ်စုကြီးဟာ မတ်လ ၂၄ ရက်၊ မနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်လောက်မှာ မှုခင်းသတင်းထောက်ရုံးဆီကို ရောက်ရှိလာခဲ့ပြီး ဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် ရုံးအတွင်းကိုပါ ဝင်ရောက်ကာ ညအိပ်တာဝန်ထမ်းဆောင်နေတဲ့ သတင်းထောက် ၄ ယောက်ကို ဓားနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ရုံးသုံးလပ်တော့ပ် ၁ လုံးနဲ့ ဖုန်း ၆ လုံးကိုလည်း အဲ့ဒီ လူအုပ်စုက ယူဆောင်သွားခဲ့ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ မှုခင်းသတင်းထောက် ၄ ယောက်ကိုတော့ စိုးရိမ်ရတဲ့ လူနာတွေအဖြစ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို တင်ပို့ပေးထားရတယ်လို့ သိရှိရပါတယ်။