Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စားဝတ်နေရေး အဆင်မပြေလို့ မြဝတီမှာ ဆန်ပြုတ်ထဲ အဆိပ်ထည့်ပြီး မိသားစုလိုက် အဆုံးစီရင်၊ မိခင်နဲ့ ကလေးတစ်ယောက် ‌ေ–..သဆုံး၊ နောက်တစ်ယောက်ကို မဲဆောက်ဆေးရုံ တင်ထားရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၃ ရက်နေ့က အစာအဆိပ်သင့်လို့ မိခင်နဲ့ကလေးငယ်တစ်ယောက် ‌ေ..–သဆုံးခဲ့ပြီး ကျန်တဲ့ကလေးတစ်ယောက်ကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ မဲဆောက် Z-Rescue ကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရှိရပါတယ်။

ဖြစ်စဥ်က စားဝတ်နေရေးနဲ့ စီးပွားရေး အဆင်မပြေလို့ မိသားစုလိုက် အဆုံးစီရင်ဖို့ အမျိုးသားဖြစ်သူ အပြင်သွားခိုက်မှာ ဆန်ပြုတ်အိုးထဲကို ပိုးသတ်ဆေးထည့်ပြီး မိခင်လည်းသောက်၊ အသက် ၈ နှစ်နဲ့ အသက် ၉ နှစ် အရွယ် သားတွေကို တိုက်ပြီး မိသားစုလိုက် အဆုံးစီရင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

အသက်ရှင်နေဆဲဖြစ်တဲ့ ကလေးငယ်လေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပြီး ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်လေး အခြေအနေကောင်းပါစေကြောင်းလည်း Z-Rescue ကယ်ဆယ်ရေးအဖွဲ့က ဆုတောင်းပေးထားပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်ကို မဲဆောက်မြို့ရဲ့ လူမှုရေးအဖွဲ့ Rescue Pitakkarn Pitakkarn ဆီ လွှဲပြောင်းပေးပြီး မဲဆောက်ဆေးရုံကြီးဆီကို ပို့ဆောင်ပေးထားကာ ကလေးငယ်ရဲ့ အခြေအနေက စိုးရိမ်နေရဆဲပဲဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။