Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို လေလံဆွဲမယ့်သူ မရှိလို့ လေလံပွဲ မအောင်မြင်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူ မရှိလို့ လေလံပွဲ မအောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။

လေလံပွဲကို မနေ့က မနက် ၁၀ နာရီအချိန်မှာ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံဝန်းရှေ့မှာ ကျင်းပခဲ့ပြီး လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲ မအောင်မြင်ကြောင်း တရားရုံးအရာရှိက နေအိမ်ခြံဝန်းရှေ့မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ခြံအမှတ် ၅၄ နဲ့ပတ်သတ်လို့ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကို အမှု အနိုင်ပေးလိုက်ပြီးတဲ့နောက် နေအိမ်ခြံဝန်းကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ လေလံတင် ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်ထားခဲ့တာဖြစ်ကာ လေလံပွဲ မအောင်မြင်ခဲ့လို့ လေလံပွဲကို နောက်တစ်ကြိမ် ထပ်လုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။