Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗီယက်နမ်သမ္မတ ဗိုဗန်သွန်း နုတ်ထွက်မှုကို အမျိုးသားလွှတ်တော် အတည်ပြုလိုက်ပြီဖြစ်

ဗီယက်နမ်သမ္မတ ဗိုဗန်သွန်းရဲ့ရာထူးကနုတ်ထွက်မှုကို ဗီယက်နမ် ဥပဒေပြုလွှတ်တော်က ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ အတည်ပြုပေးလိုက်ပြီလို့ သိရှိရပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့် ဆောင်ရွက်နေစဉ်မှာပဲ ဗိုဗန်သွန်းဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်လိုက်တဲ့ ထိပ်တန်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုဗန်သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်ကျော်ကာလအတွင်း ဒုတိယမြောက် နုတ်ထွက်တဲ့သမ္မတ ဖြစ်သွားခဲ့ပါတယ်။

ဗီယက်နမ်ရဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဟာ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတဲ့ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးစီမံချက်နဲ့ တစ်နည်းတစ်ဖုံ ဆက်နွှယ်နေနိုင်တယ်လို့ မှတ်ချက်ပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ရာထူးက နုတ်ထွက်သွားပြီဖြစ်တဲ့ သမ္မတဗိုဗန်သွန်းရဲ့နေရာကို ဘယ်သူက အစားထိုးဝင်ရောက် တာဝန်ယူမယ်ဆိုတာ မသိရှိရသေးဘဲ လတ်တလောမှာတော့ ဗီယက်နမ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိဒုသမ္မတ ဗိုသီအန်းရွှမ်က သမ္မတရာထူးကို ယာယီတာဝန်ယူပေးထားပါတယ်။