Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Miss Universe ပြိုင်ပွဲအတွက် ချုပ်ထားတဲ့ ဝတ်စုံကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က သတိပေးတားမြစ်

မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲအတွက် ဒီဇိုင်းနာတစ်ဦးက တီထွင်ချုပ်လုပ်ထားတဲ့ ဝတ်စုံကို ရှုတ်ချတားမြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဝတ်စုံဟာ ၂၀၂၄ ခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် မော်ဒယ် စင်ဒီမြတ် အတွက် ဒီဇိုင်နာ ခင်စုစုအောင်က ဒီဇိုင်းပုံကြမ်းရေးဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဒီဇိုင်းကို ဝတ်ဆင်မှုဟာ
(၁) မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသား ခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း။
(၂) ရိုးရာ သဘင်မင်းသားခေါင်းပေါင်း,ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်းတိုသည် မည်သိုမျှ မသင့်တော် မအပ်စပ်သည့်အပြင် မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါးစော်ကားရာ ရောက်နေသည် လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် ဒီဝတ်စုံကို ထပ်မံဝတ်ဆင် ဖော်ပြတာနဲ့ နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲတွေမှာ ဝတ်ဆင်တာတွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချပြီး အလေးအနက် သတိပေးတားမြစ်ကြောင်းနဲ့ သတိပေးတားမြစ်ချက်ကို မလိုက်နာခဲ့ရင် မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့သဘင့် စည်းမျဉ်းစည်းကမ်းတွေ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆက်လက် အသိပေးထားပါတယ်။