Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၆ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ထားဝယ်က အမျိုးသမီးငယ်ကို ‌ေ..—သဆုံးလျက် ပြန်တွေ့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းကျေးရွာကနေ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို မတ်လ ၁၆ ရက်၊ မနက်ပိုင်းမှာ ‌ေ..–သဆုံးနေတဲ့အနေထားနဲ့ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဒီအမျိုးသမီးငယ်ဟာ ထားဝယ်မြို့နယ်၊ ပဒိုင်းချောင်းကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းနိုင်၊ ဒေါ်ဌေးရီတိုရဲ့သမီး မပန်းအိဖြိုး ဆိုသူဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။

မိဘတွေနဲ့အတူနေထိုင်သူ မပန်းအိဖြိုးဟာ နေထိုင်တဲ့နေရာမှာ ဖုန်းလိုင်းမမိလို့ အပြင်ထွက်ပြီး ဖုန်းဆက်မယ်လို့ပြောကာ ထွက်ခွာသွားပြီးချိန်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီလို ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် မိဘတွေနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေရာမှာ မတ်လ ၁၆ ရက်နေ့က သူတို့နေအိမ်နဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ပဒိုင်းချောင်းကျေးရွာက စိုက်ပျိုးရေးခြံထဲမှာ ပုခုံးဒဏ်ရာတွေနဲ့အတူ မှောက်လျက်အနေအထားနဲ့ ‌ေ..–သဆုံးနေတဲ့ မပန်းအိဖြိုးကို ပြန်ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မပန်းအိဖြိုးဟာ ဘယ်လိုဘယ်ပုံ ‌ေ..–သဆုံးသွားခဲ့ရတယ်ဆိုတာ မသိရသေးလို့ ဖြစ်စဥ်အမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေပြီလို့ သိရှိရပါတယ်။