Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တိုက်ပွဲတွေကြောင့် ပိတ်ထားတဲ့ လားရှိုးလေဆိပ်ကို ပြန်ဖွင့်ပြီး မတ်လ ၁၉ ရက်မှာ ခရီးစဉ်တွေ စတင် ပြေးဆွဲတော့မယ်

တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက စတင်ပိတ်ထားခဲ့ရတဲ့ လားရှိးလေဆိပ်က လေကြောင်းခရီးစဉ်တွေကို မတ်လ (၁၉) ရက်မှာ ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

လားရှိးလေဆိပ်ကို မတ်လ (၁၆) ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မတ်လ ၁၉ ရက်ကစတင်ကာ MAI လေကြောင်းလိုင်းနဲ့ မင်္ဂလာလေကြောင်းလိုင်းတို့က လားရှိးလေဆိပ်ဆီကို ပြန်လည်ပြေးဆွဲတော့မှာဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းတွေက အသိပေးကြေညာထားပြီဖြစ်ပါတယ်။

အရင်တုန်းကတော့ လားရှိးလေဆိပ်ကနေတဆင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တာချီလိတ် စတဲ့မြို့တွေဆီကို လေကြောင်းခရီးစဉ် ပြေးဆွဲပေးမှုတွေ ရှိခဲ့ပါတယ်။