Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သတ်မှတ်ဈေးနှုန်းအောက် မရောင်းနိုင်တဲ့ရွှေဆိုင်တွေ အရောင်းအဝယ်ရပ်ထားဖို့ ရွှေအသင်း ထုတ်ပြန်

YGEA ရဲ့ သတ်မှတ်ဈေးနှုန်းအောက်မှာ အရောင်းအဝယ်မလုပ်နိုင်တဲ့ ရွှေဆိုင်တွေကို အရောင်းအဝယ် ရပ်ထားလိုက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီလိုပဲ အခြေအမြစ်မရှိလှတဲ့သတင်းတွေကို အကြောင်းပြုပြီး ပြင်ပဈေးကွက်ထဲမှာ အရောင်းအဝယ်ပြုလုပ်တွေက ရွှေဈေးကစားကာ ဆွဲတင်၊ ဆွဲချလုပ်နေတာတွေကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပြီး အရေးယူနေပြီလို့ ဆိုပါတယ်။

မတ်လ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှာ YGEA က သတ်မှတ်ရွှေဈေးနှုန်းအဖြစ် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၇၉၄,၅၀၀ အဖြစ် ထုတ်ပြန်ခဲ့ပေမယ့် ဈေးကွက်သတင်းတွေအရတော့ ပြင်ပပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားက ၄,၁၆၀,၀၀၀ ကျပ်အထိ ရှိနေခဲ့တယ်လို့ သတင်းကြားသိရပါတယ်။