Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်မှုမထမ်းချင်သူတွေ အသက်လိမ်မှာစိုးလို့ မွေးသက္ကရာဇ်ပြင်ဆင်ခွင့်ကို ထိန်းချုပ်

မြို့နယ်လဝကရုံးတွေမှာ ဆောင်ရွက်ပေးနေတဲ့ မွေးသက္ကရာဇ်ပြင်ဆင်ခွင့်ကို လက်ရှိအချိန်မှာတော့ မြို့နယ်လဝကရုံးတွေက လုပ်ပေးခွင့်မရှိတော့ဘဲ နေပြည်တော်မှာရှိတဲ့ ရုံးချုပ်အဆင့်အထိ တင်ပြပြီး ရုံးချုပ်အဆင့်ကနေ ခွင့်ပြုပေးတော့မှပဲ လုပ်ပေးတော့တယ်လို့ သိရှိရပါတယ်။

စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက် အကျုံးဝင်နေသူတွေဟာ မွေးသက္ကရာဇ်ပြင်ဆင်မှုတွေ တရားမဝင် လုပ်လာနိုင်လို့ အခုလို လုပ်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ပုံတင်တွေမှာ မှားလေ့ရှိတဲ့ နာမည်၊ မိဘနာမည်တွေ ကို‌တော့ မကန့်သတ်ဘဲပြင်ဆင်ပေးနေပြီး မွေးသက္ကရာဇ်ပြင်ဆင်ခွင့်တစ်ခုကိုပဲ နေပြည်တော်က ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေကို သတင်လာပို့ဖို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ဆင့်ခေါ်တာတွေ ရှိနေပါတယ်။