ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြိုအနီးမှာ ဒီနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းက ငါးဖမ်းပိုက်နဲ့မိပြီး ပါလာခဲ့တဲ့ လင်းပိုင်ငယ်တွေကို ပင်လယ်ပြင်ထဲ ပြန်လွှတ်ပေးသွားမယ်လို့ သိရှိရပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ ပင်လယ်ပျော် လင်းပိုင်ငယ်တွေကို ဆံတော်ရှင် မော်တင်စွန်းစေတီကမ်းခြေမှာ ထားရှိပြီး ပင်လယ်ထဲဆီ ပြန်လွှတ်ပေးနိုင်စေဖို့အတွက် ဒေသခံ ရေလုပ်သားတွေနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ ၁၀ ရက်ကနေ ၂၄ ရက်အထိ ၁၅ ရက်ကြာ စည်ကားစွာကျင်းပနေပြီး ဘုရားဖူးပြည်သူတွေလည်း လာရောက်ဖူးမြှော်လျက်ရှိပါတယ်။