ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်မှာ မတ်လ ၁၂ ရက်နေ့၊ နံနက် ၄ နာရီလောက်က ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲမှာ နွံကန်ပေါက်ကျပြီး အနီးအနားမှာရှိတဲ့ ကျောက်ရှာသမားတွေ၊ ကားသမားတွေ ခန့်မှန်းလူဦးရေ ၃၀ လောက် မျောပါသေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
မနက်ပိုင်းမှာ နွံကန်အောက်ခြေကို ဘတ်ဟိုးနဲ့ ကုတ်ရာကနေတဆင့် နွံကန်ပေါက်ကျခဲ့တယ်လို့ ယူဆမိကြောင်း နွံကန်ပေါက်ကျမှုကနေ လွတ်မြောက်လာသူတစ်ယောက်က ပြောပြတယ်လို့ ဒေသခံသတင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
ဒီကျောက်စိမ်းလုပ်ကွက်ဟာ ဦးချိုလုပ်ကွက်ထဲမှာရှိတဲ့ နွံကန်ဖြစ်ပြီး နွံကန်ပေါက်ကျမှုကြောင့် ဘတ်ဟိုး၊ မြေသယ်ကား စုစုပေါင်း ၁၃ စီးလောက်နဲ့ ကုမ္ပဏီအလုပ်သမား ၃၀ လောက် နွံကန်ပေါက်ကျမှုမှာ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နွံကန်ပေါက်ကျမှုမှာ ပါဝင်သွားခဲ့သူတွေကို ကယ်ဆယ်ရေးဆောင်ရွက်နေရပြီး အသက် ၄၉ နှစ်အရွယ် ဦးမျိုးညွှန့်ဆိုသူရဲ့ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိထားသူတွေဖြစ်ကြတဲ့ ကိုဖြိုးဝေတိုး၊ ကိုကျော်ဇင်ဝိုင်း၊ ကိုဟိန်းမင်းလတ်၊ ကိုစည်သူမျိုးတို့ကို ဖားကန့်မြို့နယ်ဆေးရုံကြီးဆီ ပို့ဆောင်ပေးထားလိုက်ပြီဖြစ်ပါတယ်။
မတ်လ ၆ ရက်နေ့တုန်းကလည်း မနမှော်ထဲမှာ ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲ မြေစာတွေ ပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ အမျိုသားတစ်ယောက် ဦးခေါင်းခဲထိမှန်ပြီး နေရာမှာတင်ပဲ ေ..—သဆုံးသွားခဲ့ပါသေးတယ်။