Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နွေဈေးကွက်မှာ ကစားသမား ၁၀ ယောက်လောက်အထိ ရောင်းထုတ်လိုက်ဖို့ စီစဉ်နေတဲ့ မန်ယူ

Soccer Football – Premier League – Fulham v Manchester United – Craven Cottage, London, Britain – November 4, 2023 Manchester United’s Bruno Fernandes celebrates scoring their first goal with Alejandro Garnacho and Anthony Martial REUTERS/Hannah Mckay

မန်ယူအသင်းဟာ လာမယ့် နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ကစားသမား ၁၀ ယောက်လောက်အထိ ရောင်းထုတ်လိုက်ဖို့ စီစဉ်ထားပြီလို့ သိရပါတယ်။

မန်ယူအသင်းဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်လိုက်တဲ့ ရှယ်ယာရှင် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ရောက်ရင် မန်ယူကို အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ပစ်လိုက်မယ်လို့လည်း အသိပေးထားပါတယ်။

မန်ယူဟာ တစ်နေရာချင်းအလိုက် လိုအပ်ချက်တွေ များလွန်းနေပြီး တချို့ကစားသမားတွေကို လုပ်ခလစာအရ အသင်းအတွက် ဝန်ထုပ်ဝန်ပိုး ကြီးမားလွန်းစရာဖြစ်နေလို့ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ချက်ချထားကြောင်း သိရှိရပါတယ်။

မန်ယူဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တချို့ကို အစပြုရတော့မှာဖြစ်တယ်လို့ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က ထုတ်ဖော်ပြောကြားထားပြီး မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ကတော့ အေဂျက်မှာတုန်းကလိုပဲ အသင်းကို လူငယ်သွေးသစ် အင်အားစုတစ်ရပ်နဲ့ ဖွဲ့စည်းလိုနေကြောင်း သတင်းကြားသိရပါတယ်။