ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်၊ ည ၉ နာရီခွဲအချိန်လောက်က ၂၂ ဘီးကားတစ်စီး လမ်းဘေးထိုးကျကာ ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီ ၂၂ ဘီးယာဥ်ဟာ ဧရာဝတီတိုင်းဒေသကြီးကနေ ဆန်တွေ တင်ဆောင်ကာ ပြည်မြို့ဘက်ကို မောင်းနှင်လာခဲ့စဥ်အခိုက် ဥသျှစ်ပင် – ပြည်ကားလမ်း မြေစူတောင်အနီးအရောက်မှာ ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ ဒဏ်ရာတွေ ရရှိသွားပေမယ့် ဒဏ်ရာအခြေအနေက စိုးရိမ်စရာတော့ မရှိဘူးလို့ လတ်တလောမှာ သိရှိရပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ဆေးကုသမှုခံယူနိုင်စေဖို့အတွက် ဒေသခံလူမှုကူညီရေးအသင်းတွေက ပန်းတောင်းဆေးရုံဆီကို ပိုဆောင်ပေးထားလိုက်ပြီဖြစ်ပါတယ်။