မန်ယူအသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ထားတဲ့ ရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ဟာ အသင်းကွင်းလယ်ကို အားဖြည့်ဖို့အတွက် လူတန်တောင်းကွင်းလယ်မှာ ခြေစွမ်းပြနေသူ ဘတ်ခ်လေ ကို ခေါ်ယူလိုနေတယ်လို့ သိရှိရပါတယ်။
ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်ဟာ လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ဘတ်ခ်လေကို ခေါ်ယူရေးအတွက် အစီအစဉ်ရေးဆွဲလိမ့်မယ်လို့ လတ်တလောထွက်ပေါ်နေတဲ့သတင်းတွေက ဆိုပါတယ်။
မန်ယူဟာ လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ကွင်းလယ်လူ ကတ်စ်မဲရိုး ကို လက်လွှတ်ရဖွယ်ရှိနေပြီး အဲ့ဒီကွက်လပ်ကို အစားပြန်ဖြည့်ဖို့အတွက် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က ဘတ်ခ်လေကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ် ဟာ ကစားသမားသစ်ခေါ်ယူဖို့အစီအစဉ်တွေ ရေးဆွဲထားပေမယ့် အီရစ်ခ်တန်းဟတ်ဂ်ရဲ့လျာထားစာရင်းထဲမှာ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် အရမ်းသဘောကျနေတဲ့ ဘတ်ခ်လေတော့ ပါဝင်မနေဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။